လိင်ဆက်ဆံစဉ် လိင်တံဘာကြောင့်နာကျင်တတ်တာလဲ
24-Feb-2017
လိင်တံဟာလည်း ကိုယ်ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုဖြစ်တာကြောင့် နာကျင်တတ်ပါတယ်။ ထိခိုက်မိလို့၊ လိုအပ်တာထက် ပိုမိုလှုပ်ရှား အားစိုက်ထုတ်မိလို့ နာကျင်တတ်ပါတယ်။ ပိုးမွှားတစ်ကောင်ကောင် အကိုက်ခံထားရလို့လည်း နာကျင်တတ်ပါတယ်။ လိင်မှတစ်ဆင့် ကူးစက်ရောဂါ ဥပမာ ဆီးပူညောင်းကျရောဂါ၊ ဆီးစွန့်ပြွန်ရောင်ရမ်းစေတဲ့ရောဂါ ဆီးကျိတ်ရောင်ရောဂါ စသည်တို့ကလည်း လိင်ဆက်ဆံစဉ် လိင်တံနာကျင်စေပါတယ်။
ရှားရှားပါးပါး Peyronie’s Disease လိင်တံမှုမမှန် ကွေးနေတဲ့အခါ လိင်ဆက်ဆံစဉ် အမျိုးသားများ နာကျင်တတ်ပါတယ်။ ဖြစ်တောင့်ဖြစ်ခဲ့ လိင်တံကင်ဆာရဲ့ လက္ခဏာတစ်ခုအနေနဲ့လည်း အမျိုးသားများ လိင်ဆက်ဆံတဲ့အခါ နာကျင်မှုခံစားနေရတတ်ပါတယ်။ ဒါကြောင့် အခုလို လိင်ဆက်ဆံစဉ်နာကျင်တာ သိသာပြီး ရက်အနည်းငယ်အတွင်း မပျောက်သွားဘူးဆိုရင် ကျွမကျင်သူ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
လိင်ဆက်ဆံစဉ် အမျိုးသမီးအချို့ ဘာကြောင့်နာကျင်တတ်တာလဲ
ဆေးပညာအားဖြင့် Dyspareunia လို့ ခေါ်တဲ့ လိင်ဆက်ဆံစဉ် နာကျင်မှုဖြစ်ပွားသူ အမျိုးသမီးအားလုံးရဲ့ ၈ဝ ရာခိုင်နှုန်းထိဟာ ကိုယ်တွင်းဖြစ်ပျက်မှုနှင့် သက်ဆိုင်တတ်ပါတယ်။ အမျိုးသမီးထိန်း ညှိဓာတ်တွေ လျော့နည်းနေတဲ့အခါ လိင်ဆက်ဆံရာလမ်းကြောင်း ပုံမှန်စိုစွတ်နေမှု မရှိလို့ နာကျင်နိုင်ပါတယ်။
မှိုရောဂါတစ်မျိုး ကူးစက်ခံနေရတာ၊ လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ ဖြစ်ပွားနေတာ၊ ဆီးနဲ့ဆီးလမ်းကြောင်း ရောင်ရမ်းနေတာနဲ့ အချို့အရိုးအဆစ်ပြဿနာတွေကြောင့် လိင်ဆက်ဆံစဉ် နာကျင်တတ်ပါတယ်။ ဝမ်းချုပ်လွန်းသူတွေမှာလည်း ဖြစ်တတ်တဲ့ သာဓကရှိပါတယ်။ လိင်ဆက်ဆံရာလမ်း ကြောင်းရှိ ကြွက်သားများ သူ့အလိုလို တောင့်တင်းလွန်းခြင်း Vaginismus ဖြစ်တဲ့အခါ နာကျင်မှု ပိုဆိုးတတ်ပါတယ်။ အချို့လိင်ဆက်ဆံလိုပင် မရလောက်အောင် နာကျင်တတ်ပါတယ်။
Healthcare.com.mm
Ref:
ဒေါက်တာမြင့်သန်း (သန္ဓေသား)
Health for all magazine, June 2013, Pg. 137
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

